၁၉၆၇ ခုနှစ်တွင် ၆ ရက်ကြာစစ်ပွဲပြီးဆုံးသွားပြီးနောက်
အီဂျစ်တပ်မတော်သည် စူးအက်တူးမြောင်း၏ အနောက် ဘက်ကမ်းတွင်
ရှေ့တန်းစစ်မျက်နှာတစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ အစ္စရေးတပ်ဖွဲ့ များသည်လည်း
ဆိုင်နိုင်းကျွန်းဆွယ်ကို သိမ်းပိုက်ပြီးနောက် အရှေ့ဘက်ကမ်းတွင်
စစ်မျက်နှာတစ်ခုဖွင့်လှစ်ခဲ့ပါသည်။
အီဂျစ်တို့သည် ဆိုင်နိုင်းကျွန်းဆွယ်အား
ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် casus bell ဟု အမည်ပေးထား သည်
အမှည့်ချွေစစ်ဆင်ရေး (War of Attrition) တစ်ခုဆင်နွှဲရန် ဆုံးဖြတ်ခဲ့ပါသည်။
နှစ်ဖက်တပ်များအနေဖြင့် စူးအက် တူးမြောင်း၏
မျက်နှာချင်းဆိုင်ကမ်းတစ်ဖက်စီတွင် ၁၉၇၀ပြည့်နှစ် စက်တင်ဘာလ ၂၉ရက်နေ့အထိ ၃
နှစ်ခွဲကျော်ကြာ တိုင်အောင် ရင်ဆိုင်တပ်စွဲခဲ့ကြသည်။
၎င်းအမှည့်ချွေစစ်ပွဲသည် အသက်ပေါင်းများစွာ သေကြခဲ့ရသော ရေရှည်စစ်ပွဲ
တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမြောက်လက်နက်ဖြင့် တိုက်ခိုက်မှုများနှင့်
ရန်သူ့နယ်မြေအတွင်းသို့ ၀င်ရောက်စီးနင်းမှု များကို ပြုလုပ်ခဲ့ကြသည်။
အီဂျစ်တို့သည် လူအင်အားနှင့် အမြောက်ပစ်အားတို့ အရေးပါမှုအပေါ်
လွန်စွာအလေးထားခဲ့ပါ သည်။
အစ္စရေးတပ်မတော်သည်လည်း Raviv စစ်ဆင်ရေးဟုအမည်ဖြင့်
အီဂျစ်တို့၏ ပင်လယ်နီကမ်းရိုးတန်းအား
ပေါင်းစပ်လက်ရုံးစစ်ဆင်ရေးတစ်ခုဆင်နွှဲ၍ ၀င်ရောက်စီးနင်းရန်နှင့်
စူးအက်တူးမြောင်းသို့ အစ္စရေးတပ်ဖွဲ့ ဝင်များ ထပ်မံ စေလွှတ်၍ အီဂျစ်တပ်ဖွဲ
့များအား တိုက်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ အစ္စရေးတို့သည် ရန်သူအားလွှမ်းမိုး၍
အီဂျစ်တို့အနေ ဖြင့် ၄င်းတို့၏ခံစစ်နေရာများတွင် လုံခြုံမှုမရှိဟု
ခံစားရသည်အထိ ဖိအားပေးနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
Raviv စစ်ဆင်ရေးသည် အဆိုပါအမှည့်ချွေစစ်ဆင်ရေးကာလအတွင်း
အစ္စရေးတပ်မတော်က အီဂျစ်တို့အား အကြီးဆုံးထိုးစစ်ဆင်သည့် တစ်ခုတည်းသော
မြေပြင်စစ်ဆင်ရေးကြီးဖြစ်ပြီး စစ်ဆင်ရေးအခြေအနေအား အလှည့် ပြောင်းတစ်ခုလည်း
ဖြစ်စေခဲ့ပါသည်။ အစ္စရေးတို့သည် စူးအက်တူးမြောင်းအား လျှို
့ဝှက်စွာဖြတ်ကူး၍ ဆိုင်နိုင်းကျွန်း ဆွယ်အတွင်းသို့ သံချပ်ကာတပ်ဖွဲ့ ဖြင့်
ထိုးဖောက်ကာဝင်ရောက်စီးနင်းတိုက်ခိုက်ရန် စီစဉ်ခဲ့ပါသည်။ ထို့နောက် ရန်သူ့
ခံစစ်စည်းနောက်ရှိ အစ္စရေးတို့၏ စစ်မြေပြင်အတွင်း
လေကြောင်းတိုက်ခိုက်မှုများအား အကြီးအကျယ်ခြိမ်းခြောက် လျက်ရှိသည့်
ရုရှားလုပ်ရေဒါစခန်းကိုလည်း ဖျက်ဆီးရန်ရည်ရွယ်ခဲ့ပါသည်။
ယင်းစစ်ဆင်ရေးမှာ အမှတ်(၇)သံချပ်ကာတပ်မဟာမှ
ကင်းထောက်တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူး Ravivက စတင်စိတ်ကူးခဲ့ခြင်းဖြစ်သည်။
ထို့နောက်သံချပ်ကာတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Abdanနှင့် ရေတပ်အကြီးအကဲ
ဗိုလ်ချုပ် Abraham Botzer တို့က စီမံချက်ရေးဆွဲပြီး
လက်တွေ့အကောင်အထည်ဖေါ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးအား
အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး Baroch Pinko Harel ကို
ဦးဆောင်စေခဲ့ပါသည်။
Raviv ၏ အတွေးအခေါ်မှာ ၆ရက်ကြာစစ်ပွဲအတွင်း အီဂျစ်တို့ထံမှ
သိမ်းပိုက်ရရှိထားသော တင့်များနှင့် BTR-50 သံချပ်ကာလူသယ်ယာဉ်များကို
တည်ကြက်အဖြစ် ဟန်ဆောင်အသုံးပြုသွားရန်ဖြစ်ပါသည်။ အစ္စရေးတပ်ဖွဲ့ ဝင်များသည်
အဆိုပါတင့်များနှင့် တိုက်ယာဉ်များအပေါ်စီးနင်းလိုက်ပါ၍ အီဂျစ်စစ်သည်များဟု
ဟန်ဆောင်ကာ ရန်သူ့အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားမည်ဖြစ်ပါသည်။
၎င်းတို့အနေဖြင့် လွတ်လပ်စွာလှုပ်ရှားချီတက်သွားမည်ဖြစ်ပြီး အီဂျစ်တို့က
သတိပြုမိသွားပါက လျှပ်တစ်ပြက်ဝင်ရောက်စီးနင်းမည်ဖြစ်သည်။
၎င်းစစ်ဆင်ရေးအတွက် ခွင့်ပြုချက်ကျပြီးသည်နှင့်
သံချပ်ကာသင်တန်းကျောင်းမှ တင့်တိုက်ယာဉ်အဖွဲ့သား ၅ဦး နှင့်
အမှတ်(၇)သံချပ်ကာတပ်မဟာမှ ခြေလျင်တပ်ဖွဲ့  ၃ဦးတို့ကို ၄င်းတို့မသိသော
တိုက်ယာဉ်တစ်စီးနှင့် အတူစတင် လေ့ကျင့်ပေးခဲ့ပါသည်။ ၄င်းရည်မှန်းချက်
စတင်ကတည်းက ထိပ်တန်းလျှို့ ဝှက်အဆင့်သတ်မှတ်ခဲ့ပြီး စစ်သည်များအား
မိသားစုများနှင့် တွေ့ ဆုံခွင့်ကိုပင် တားမြစ်ခဲ့ပါသည်။ တိုက်ယာဉ်များအား
အီဂျစ်သဲန္တာရနှင့် ကိုက်ညီမည့်ဆေးများကို သုတ်လိမ်းပေးခဲ့ပါသည်။
စစ်သည်များအား တိုက်ယာဉ်လှုပ်ရှားစဉ် ပစ်ခတ်မှုလေ့ကျင့်ခန်းများ၊ သင်္ဘောပေါ်မှ
တိုက်ယာဉ်မောင်းတက်/မောင်းဆင်းပြုလုပ်ခြင်းလေ့ကျင့်ခန်း၊ ယာဉ်အပေါ်တွင်
အထူးတပ်ဖွဲ့ မှ အာရပ်စကားပြောနိုင် သော စစ်သည်များနှင့်အတူ
ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စစ်ဆင်ရေးအတွက် သတင်းအချက်အလက်များ ကြိုတင်
ထောက်လှမ်းခြင်း လေ့ကျင့်ခန်းတို့ကို အလေးထားလေ့ကျင့်ပေးခဲ့ပါသည်။
PinKo ၏ တပ်ဖွဲ့ မှ အဆင်သင့်ဖြစ်နေမှု
၆ ပတ်အကြာ လေ့ကျင့်ပြီးနောက် တိုက်ယာဉ်အဖွဲ
့သား ၅ဦးပါ Tiran တင့် ၆စီး၊ BTR-50 တိုက်ယာဉ် ၃စီး၊ လေကြောင်းချီတပ်ဖွဲ
့မှ အင်ဂျင်နီယာတပ်ဖွဲ့ များ၊ အမှတ်(၇)သံချပ်ကာတပ်မဟာ၏ ကင်းထောက်တပ်ခွဲမှ
ကင်းထောက် တပ်စုတစ်စု၊ အထူးတပ်ဖွဲ့ မှ စစ်သည်တစ်ဦးနှင့်
စစ်ဘက်သတင်းထောာက်တစ်ဦးပါသော အဖွဲ့တို့အား ဖွဲ့ စည်း၍ စစ်ဆင်ရေးအတွက်
အဆင်သင့်ဖြစ်နေခဲ့သည်။
အီဂျစ်တို့ရဲ့  မျက်လုံးအရောင်ကလွဲပြီး သူတို့ရဲ
့အကြောင်းအရာအားလုံးကို ကျွန်တော်တို့သိရှိနေပြီး ဖြစ်တယ်။ သူတို့ရဲ
့တပ်ဖြန့်မှုအခင်းအကျင်း၊ လက်နက်စနစ်များ၊ တိုက်ယာဉ်အရေအတွက်နဲ့
စခန်းတစ်ခုမှာ ကုလားအုပ်ဘယ်နှစ် ကောင်ရှိသလဲဆိုတာ
စနစ်တကျထောက်လှမ်းသိရှိပြီးဖြစ်တယ်ဟု Harel မှ ၀င့်ကြွားခဲ့ပါသည်။
၎င်းစစ်ဆင်ရေးအတွက် အစ္စရေးတို့၏ ရည်ရွယ်ချက်နှစ်ခုမှာ
အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကန်းရိုးတန်းလုံခြုံရေးနှင့်
ရေကြောင်းရေဒါအခြေစိုက်စခန်းတစ်ခုဖြစ်သော Abu Darage စခန်းအား
စီးနင်းဝင်ရောက်တိုက်ခိုက်ရန်။
(ခ) ရုရှားလုပ်ရေဒါစခန်းများကို တပ်ဆင်ထားပြီး
လေကြောင်းရန်ကာကွယ်ရေးအမြောက်တပ်ရင်းများနှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးများ၊
တပ်ရင်းများပါဝင်သော Ras Zaafarne စခန်းဌာနချုပ်အား သိမ်းပိုက် ရန်တို့
ဖြစ်ပါသည်။
Pinko ၏ တပ်ဖွဲ့ သည် စက်တင်ဘာလအစောပိုင်းတွင် Ras Sudar သို့
ဝင်ရောက်လာနိုင်ခဲ့ပြီး ထောက်လှမ်းခံရ ခြင်းမရှိစေရန်အတွက် ညအချိန်တွင်
လှုပ်ရှားခဲ့ပါသည်။ တပ်ဖွဲ့ ဝင် ၁၃ဦးပါ Shayetet ရေကြောင်းကွန်မန်ဒိုတပ်ဖွဲ
့သည် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် Operation Escort အမည်ဖြင့်
စစ်ဆင်ရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်။ တပ်ဖွဲ့ ဝင် ၈ဦးပါ Maiale (pig)
ရေကြောင်းတပ်ဖွဲ့ နှစ်ခုသည်လည်း တူးမြောင်း၏တစ်ဖက်ကမ်းသို့
တော်ပီဒိုများဖြင့် ပစ်ခတ်ထိုးဖောက်ခဲ့ပြီး အီဂျစ်တို့၏ P-183 တော်ပီဒိုတင်
သင်္ဘောနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးမှာ ရည်မှန်းချက်နှစ်ခုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ပထမရည်မှန်းချက်မှာ ရန်သူ၏ အစ္စရေးတိုက်လေယာဉ်များ မြေပြင်ဆင်းသက်မှုအား
နှောင့်ယှက်နိုင်စွမ်းကို ချိုးနှိမ်တိုက်ခိုက်ရန်ဖြစ်ပြီး ဒုတိယရည်မှန်း
ချက်မှာ အီဂျစ်တို့၏ မြောက်ဘက်ကမ်းခြေအား အာရုံစိုက်နေမှုကို
လျော့ကျသွားရေးဖြစ်ပါသည်။ ၄င်း စစ်ဆင်ရေးမှာ အောင်မြင်ခဲ့သော်လည်း Pig အဖွဲ
့မှ အစ္စရေးတပ်ဖွဲ့ ဝင်တစ်ဦးကျဆုံးခဲ့ရသည်။
အဓိကစစ်ဆင်ရေးအား စက်တင်ဘာလ ၈ရက်နေ့ မနက်ပိုင်းတွင်
စတင်ခဲ့ခြင်းဖြစ်ပြီး Pinko တပ်ဖွဲ့ တွင် တပ်ဖွဲ့  ၀င် ၁၀၀ဦး၊ တင့်
၆စီးနှင့် BTR-50 သံချပ်ကာတိုက်ယာဉ် ၅၀စီးတို့အား စစ်သင်္ဘောပေါ်တင်ပြီး
စူးအက်တူးမြောင်းကို စတင်ဖြတ်ကူးခဲ့ပါသည်။
Shayetet 13 တပ်ဖွဲ့ က ရှေ့ပြေးကင်းထောက်မှုများပြုလုပ်ထားပြီး
တိုက်ယာဉ်များကမ်းကက်ရမည့်နေရာအား ကြိုတင်သတ်မှတ်ထားခဲ့ပါသည်။
၎င်းနေရာအတွင်း လုံခြုံရေးတပ်ဖွဲ့ ၏ အနီးအနားလမ်းပေါ်တွင်
အီဂျစ်သံချပ်ကာတိုက် ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို တွေ့ မြင်နေရသော်လည်း
Pinko တပ်ဖွဲ့ က တိတ်ဆိတ်စွာ ကမ်းတက်နိုင်ရန် အတွက်
ပစ်ခတ်တိုက်ခိုက်ခြင်း မပြုရန်တားမြစ်ခဲ့ပါသည်။
Pinko တပ်ဖွဲ့ သည် ကမ်းတက်ရေယာဉ် ၃စီးအား စေလွှတ်ခဲ့ပြီး မနက်
၃း၃၇နာရီတွင် ကမ်းတက်ရန် လျှို့ ဝှက် အခြေစိုက်စခန်းသို့
ဝင်ရောက်နေရာယူနိုင်ခဲ့သည်။ အဆိုပါကမ်းတက်ရန် သတ်မှတ်ထားသည့် E1 Hufair သည်
ပထမ ရည်မှန်းချက်၏ မြောက်ဘက်ကီလိုမီတာ ၂၀အကွာတွင်ရှိပါသည်။ ထို့အပြင်
၎င်းကမ်းတက်ရသည့်နေရာသည် လွန်စွာ ဆိုးရွားလွန်းနေပြီး
မြင့်မားသောတောင်တန်းများနှင့် တူးမြောင်းရေပြင်အကြားတွင် ရှိပါသည်။
အဆိုပါရေပြင်သည်လည်း အီဂျစ်တပ်ဖွဲ့ များကင်းလှည့်ရာ လမ်းကြောင်းနှင့်
လွန်စွာနီးကပ်ပါသည်။
အောင်မြင်စွာ ကမ်းတက်နိုင်ခဲ့ပြီးနောက် အီဂျစ်တပ်ဖွဲ
့ဝင်များမြောက်ဘက်မှ စစ်ကူများမရောက်လာနိုင်ရန် အတွက်
အဆိုပါကင်းထောက်လမ်းကြောင်းအား ဖျက်ဆီးခဲ့ပါသည်။ Pinko ၏ တပ်ဖွဲ့ များသည်
အခြေစိုက်စခန်းမှ ကျော်လွန်ကာ ၄င်းတို့၏ ပထမရည်မှန်းချက်ရှိရာ တောင်ဘက်သို့
ချီတက်လာခဲ့ပါသည်။
Ras Zaafarne သို့ သွားရာလမ်း
အစ္စရေးစစ်ကြောင်းသည် လမ်းမပေါ်တွင် လျင်မြန်စွာချီတက်လာခဲ့ပါသည်။
ထိုသို့ချီတက်စဉ် အီဂျစ်တိုက်ယာဉ် များအား စတင်မြင်တွေ့ ရသော်လည်း Pinko က
သူ၏စစ်သည်များအား ပစ်ခတ်ခြင်းမလုပ်ရန်တားမြစ်ခဲ့ပါသည်။ ၄င်းတို့ အနေဖြင့်
လမ်းကျဉ်းကလေးတွင်ရှိနေစဉ် ပိတ်ဆို့မှုမဖြစ်နိုင်ရန်အတွက် ဖြစ်ပါသည်။ Pinko
သည် သူ၏စစ်သည်များ အား အီဂျစ်တင့်များ ၄င်းတို့အရှေ့ကျော်သွားသည်အထိ
စောင့်ရန်နှင့် ထိုသို့ကျော်သွားပြီးနောက် အီဂျစ်တင့်စစ်ကြောင်း ၏
နောက်ဆုံးတင့်များကို ပစ်ခတ်ရန်အမိန့်ပေးထားပါသည်။ အရန်ဆီနှင့်
အရန်ခဲယမ်းများစွာ တင်ဆောင်ထားသော Pinko တပ်ဖွဲ့ သည် တောင်ဘက်သို့
ဆက်လက်ချီတက်ခဲ့ပါသည်။ ၄င်းတိုက်ခိုက်ရေးတပ်ဖွဲ့ အနေဖြင့် မည်သည့်ခုခံမှု
များကိုမှ မကြုံတွေ့ ခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော်
လမ်းကြောင်းများဖြတ်တောက်ခဲ့သောကြောင့် ၄င်းတို့ကမ်းတက်ခဲ့ သည့်
နေရာ၏မြောက်ဘက်ကီလိုမီတာအကွာတွင် အီဂျစ်သံချပ်ကာတပ်ဖွဲ့ များအား
ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ထိုမနက်တွင် အလင်းရောင်စတင်မြင်ရသည်နှင့် အစ္စရေးလေတပ်ဖွဲ့ သည်
အဆိုပါတိုက်ခိုက်ရေးအဖွဲ့ အား အကူပေးနိုင်ရန် စတင်ပျံသန်းခဲ့ပြီး Pinko
တပ်ဖွဲ့ က Abu Durage စခန်းသို့မရောက်မီမှာပင် Ras Zaafarne ရှိ ရေဒါ
စခန်းနှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးတည်နေရာများကို လေကြောင်းမှ တိုက်ခိုက်၍
ဖျက်ဆီးနိုင်ခဲ့ပါသည်။
Pinko တပ်ဖွဲ့ သည် Abu Durage သို့ မနက် ၆း၁၂ နာရီတွင် ရောက်ရှိခဲ့ပြီး
မိနစ် ၂၀အတွင်း စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင်
၎င်းနေရာနှင့် ၃၂ကီလိုမီတာအကွာရှိ တူးမြောင်း၏တစ်ဖက်ကမ်းမှ ပစ်ခတ်ကာ
ပစ်ကူပေးခဲ့ပါသည်။ ၄င်းတို့သည်လည်း စခန်းရှိအဆောက်အဦများပေါ်သို့
တိုက်ရိုက်ထိမှန်အောင် ပစ်ခတ်ပေးခဲ့ပါသည်။ ထို့နောက် Pinko တပ်ဖွဲ့ က
စခန်းအား ၀င်ရောက်ရှင်းလင်းခဲ့သည်။ ၄င်းတို့တာဝန်မှာ
ရန်သူအားတိုက်ခိုက်ခြင်းထက် လမ်းကြောင်းထောက်လှမ်း၍
ရှင်းလင်းရန်သာဖြစ်ကြောင်း ၄င်းတို့တွင်လည်း လက်နက်ငယ်များနှင့် ကိုက်
၅၀၀အကွာ အဝေးအတွင်းသာ ထိရောက်နိုင်သည့် တင့်ဖျက်လက်နက်များရှိလာကြောင်း
စာရေးသူ Lawrence Moores က ပြော ကြားခဲ့ပါသည်။
ယင်းတိုက်ပွဲသည် တစ်ခုတည်းသော
တိုက်ချင်းပစ်အမြောက်ပစ်ကူပေးသည့် သမိုင်းဝင်တိုက်ပွဲတစ်ခု လည်းဖြစ်သည်။
ယင်းမှာ စူးအက်တူးမြောင်းသည် အာဖရိကနှင့် အာရှနယ်စပ်ကြားတွင်
တည်ရှိနေသောကြောင့် ဖြစ်သည်။
၎င်း၏တပ်ဖွဲ့ မှ Abu Durage အခန်းအား ရှင်းလင်းသိမ်းပိုက်ပြီးနောက်
Pinko သည် အုပ်ချုပ်ထောက်ပံ့မှုအကူ အညီများကို ထပ်မံတောင်းဆိုခဲ့ပါသည်။
တင့်များအရေအတွက် ခဲယမ်းကျည်များနှင့် ဒဏ်ရာရစစ်သည်တစ်ဦးအား
သယ်ဆောင်နိုင်ရန်အတွက် ရဟတ်ယာဉ်များသည် ကြိုတင်သတ်မှတ်ထားသောနေရာသို့ မနက်
၈း၃၀နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ၄င်းတွင်
ထောက်လှမ်းရေးအရာရှိတစ်ဦးသည် Pinko ၏ ညွှန်ကြားချက်ကို မနာခံဘဲ ၄င်း၏ BTR
သံချပ်ကာတိုက်ယာဉ်မှ ထွက်၍ ပျက်စီးသွားသော ရေဒါ၏အပိုင်းအစများကို
လိုက်လံကောက်ယူရာတွင် အီဂျစ်စစ်သည် တစ်ဦး ပစ်ခတ်၍
လက်တွင်အသေးစားဒဏ်ရာရရှိခဲ့ပါသည်။
ထောက်ပံ့ဖြည့်တင်းမှုများပြုလုပ်ခဲ့ပြီးနောက် Pinko ၏ တပ်ဖွဲ့ များသည်
သူ၏အဓိကရည်မှန်းချက်ဖြစ်သော Ras Zaafarne စခန်းသို့ဆက်လက်ချီတက်ရန်
အဆင်သင့်ဖြစ်နေပါသည်။ ၄င်းတို့သည် ရန်သူခုခံမှုနည်းသော Ras Zaafarne စခန်း၏
တောင်ဘက်မှ အမှတ်(၁၀၉)လေယာဉ်အုပ်ခွဲ၏ Skyhawks တိုက်လေယာဉ်များ၏ အနီးကပ်လေ
ကြောင်းပစ်ကူပေးမှုနှင့်အတူ ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည်။ သို့သော်
အဆိုပါရေဒါအခြေစိုက်စခန်းသို့ ပထမဆုံးဝင် ရောက်တိုက်ခိုက်စဉ်တွင်ပင်
Skyhawk တိုက်လေယာဉ်တစ်စီး ဆုံးရှုံးခဲ့ပြီး တိုက်လေယာဉ်မှူးဖြစ်သူ
ဗိုလ်မှူး Hagai Ronen သည် လေထီးဖြင့် စူးအက်တူးမြောင်းတွင်
ခုန်ချခဲ့ပါသည်။ သို့သော် ယနေ့အထိ ၄င်းအား ရှာဖွေ၍ မတွေ့ ရပေ။
Pinko တပ်ဖွဲ့ မှ Ras Zaafarne စခန်းသို့ ရောက်ရှိချိန်တွင်
ရေဒါအခြေစိုက်စခန်းများမှာ ဗုံးကြဲတိုက်ခိုက်ခံရမှု ကြောင့်
မီးလောင်ပျက်စီးကာ ကောင်းကင်သို့ မီးခိုးတလူလူထွက်လျက်ရှိနေပြီဖြစ်သည်။
ရန်သူစစ်သည်များသည်လည်း စတင်ထွက်ပြေးကြပြီး အချို့ မှာ
တောင်ကုန်းများသို့လည်းကောင်း၊ အချို့ မှာ ရေထဲသို့လည်းကောင်း၊
ကစဉ်ကလျားဖြင့် ထွက်ပြေးသွားကြသည်။ Pinko သည် ဆုတ်ခွာထွက်ပြေးသွားသော
ရန်သူတပ်ဖွဲ့ အား တင့်များဖြင့် လိုက်လံပိတ်ဆို့ တိုက်ခိုက်စေပြီး
စခန်းအတွင်းသို့လည်း တပ်ဖွဲ့ ငယ်နှစ်ခုဖြင့် ၀င်ရောက်ရှင်းလင်းစေခဲ့သည်။
ခြေလျင်တပ်ဖွဲ့ ဝင်များသည် ရေဒါအဆောက်အဦများအား
ဒိုင်းနမိုင်းများတပ်ဆင်၍ အလုံးစုံဖောက်ခွဲဖျက်ဆီးခဲ့ ပါသည်။ ထို့နောက်
Pinko တပ်ဖွဲ့ သည် အဆိုပါစခန်းမှ ပြန်လည်ဆုတ်ခွာ၍ နောက်ထပ်လှုပ်ရှားမှုအတွက်
တပ်ဖွဲ့ အား ပြန်လည်စုစည်းခဲ့သည်။ စီမံချက်အရ ၄င်းတို့၏ တင့်များနှင့် BTR
တိုက်ယာဉ်များအား ပုံဖျက်ဖုံးကွယ်ထား၍ ညအချိန် တွင် သင်္ဘောများဖြင့်
တူးမြောင်း၏အရှေ့ဘက်ခြမ်းသို့ ပြန်လည်ဖြတ်ကူးလာရန်ဖြစ်သည်။ သို့သော် Rus
Sudur စခန်းမှ စစ်ဆင်ရေးအား ကွပ်ကဲနေသည့် Abdan သည် အစ္စရေးတပ်ဖွဲ့ များအား
နေ့အချိန်အတွင်းမှာပင် ဖြစ်နိုင်သမျှ မြန်မြန်ပြန် လည်ဆုတ်ခွာလာရန်
ဆုံးဖြတ်ခဲ့သည်။ ထိုသို့အစီအစဉ်ပြောင်းရခြင်းမှာ
အဓိကအကြောင်းအရင်းနှစ်ခုရှိပါသည်။ ပထမ တစ်ချက်မှာ အီဂျစ်တို့အနေဖြင့်
အစ္စရေးတပ်ဖွဲ့ ၏ လှုပ်ရှားမှုအား လေကြောင်းမှ တိုက်ခိုက်မည့်လက္ခဏာမတွေ
့ရခြင်း ဖြစ်ပြီး ဒုတိယမှာ ကီလိုမီတာ ၅၀အကွာအဝေးအထိ
တိုက်ခိုက်ခဲ့ရပြီးဖြစ်သော်လည်း ၄င်းတို့၏ တိုက်ယာဉ်များမှာ မည်
သည့်နည်းပညာပြဿနာများမှ မဖြစ်သေး၍ အီဂျစ်ပိုင်နက်တွင် ဆက်လက်နေရန်
မလိုအပ်တော့သောကြောင့်ဖြစ်သည်။ ထိုသို့
အစီအစဉ်ပြောင်းလဲမှုအမိန့်အာဏာလက်ခံရရှိပြီးနောက် Pinko သည်
တိုက်လေယာဉ်များသင်္ဘောတင်ရန် သတ် မှတ်ထားသည့် တောင်ဘက်နေရာသို့
စတင်ထွက်ခွာလာခဲ့သည်။
ထိုသို့တောင်ဘက်သို့ ဆုတ်ခွာရာလမ်းကြောင်းတွင် အီဂျစ်တို့၏
ချိန်းတပ်သံချပ်ကာလူသယ်ယာဉ်တပ်စုသည် အစ္စရေးတပ်ဖွဲ့များအား
ပိတ်ဆို့တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ချေမှုန်းခြင်းခံခဲ့ရသည်။
ကမ်းတက်မည့်နေရာ အရောက်တွင် တင့်များသည် အတားအဆီးနှင့်
အကာအကွယ်နေရာတစ်ခုအား တည်ဆောက်၍ ရေတပ်မှစစ်သင်္ဘော များကို
စောင့်ဆိုင်းခဲ့ပါသည်။
စစ်ပွဲပြီးနောက်အခြေအနေ အကွာအဝေးအထိတိုင် မည်သည့်အနှောင့်အယှက်မရှိပဲ
၉နာရီအကြာ အီဂျစ်ပိုင် နယ်ထဲလှုပ်ရှားခဲ့ပြီးနောက် Pinko တပ်ဖွဲ့ သည်
အမှတ်(၁၁) Flotina တပ်ဖွဲ့ နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ Pinko သည် Ras
Zaafarne စခန်းမှ တူးအက်တူးမြောင်း၏ အစ္စရေးဘက်ကမ်းမှ Ras Sudar စခန်းသို့
လက်ခံရရှိခဲ့သည်။ တိုက်ပွဲပြီးဆုံးပြီးနောက် အီဂျစ်တပ်မတော်သည် စုစုပေါင်း
၁၀၀ဦးခန့် ကျရှုံးခဲ့ပါသည်။ ၄င်းတွင် အကြံပေးအဖြစ် ဆောင်ရွက်နေ သော
ဆိုဗီယက်ဗိုလ်ချုပ်ကြီးတစ်ဦး၊ တိုက်ယာဉ် ၇၀စီး၊ BTR တိုက်ယာဉ် ၃စီး၊
တယ်လီဖုန်းတိုင် ၂၇ခုနှင့် ရေဒါနှစ်ခုတို့ လည်း ပျက်စီးဆုံးရှုံးခဲ့သည်။
နောက်တစ်နေ့မှပင် ကိုင်ရိုမြို့ ရှိ အီဂျစ်သမ္မတနန်းတော်မှ ထွက်ပေါ်လာသည့်
သတင်းများသည် စူးအက် တူးမြောင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သည်။
သတင်းများအရ အဆိုပါစီးနင်းတိုက်ခိုက်ခံရမှုကြောင့် အီဂျစ်သမ္မတ Abdel Nasser
အား အံ့သြတုန်လှုပ်၍ စိတ်ဆိုးဒေသထွက်စေခဲ့ကြောင်း သိရသည်။ သူသည်
နှလုံးရောဂါပင် ရရှိပြီး ၁၀ရက်အကြာ ဆေးကုသမှုများ ခံယူခဲ့ရကြောင်းသိရသည်။
ထို့နောက် Nasser သည် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ahmad Ismail
Ali ၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fouad Abu
Zikry၊ပင်လယ်နီစစ်ဒေသမှူးနှင့် အခြားအရာရှိ များစွာ အား
ရာထူးမှထုတ်ပယ်ခဲ့ပါသည်။
No comments:
Post a Comment