Monday, January 21, 2013

စွန့်လွှတ်ခြင်းဆိုတာဘာကိုခေါ်ပါသလဲ

ကျွန်တော်   ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်

အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ(  ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်
 ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။
တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။

အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့

ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်

ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။

ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။

တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား

ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................

ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည် ကျောင်းဆင်းသည်မှာ မကြာသေး ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။

ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုငက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်----------------------------------------

လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ-----------------------------
စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ------------------------------

တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ
မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။

ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည် မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်

အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ  သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည် အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက  အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ

တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည် သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည် ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည် တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည် ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး  ကျညိသင့် ကျဆုံးခဲ့သည် ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်

ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်

တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်

သို့သော်------------------------

တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------

စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------

တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။

 မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------

                                                                                                     MYANMAR ARMOURED CORPS

No comments:

Post a Comment