Wednesday, January 23, 2013

တွေးမိတွေးရာ

ကျွန်တော်တစ်ခါတလေမက အချိန်တော်တော်များများ စဉ်းစားနေမိသော အကြောင်းအရာတစ်ခုရှိနေပါသည်။ဒါက ဘာလဲဆိုတော့ ယနေ့ခေတ်တော်တော်များများပြောကြဆွေးနွေးကြ သော စကားတစ်ခွန်းပြသနာတစ်ခု အကြောင်းပင်ဖြစ်ပါသည်။ ယနေ့ မီဒီယာများ၏စာမျက်နှာထက်နှင့် နိုင်ငံရေးသမားအပေါင်းတို့၏ နှုတ်တော်ပါးမှထွက်လာသော စကား ကား “မြန်မာပြည်ကြီးသည် ဆန်ရေစပါးကျောက်သံပတ္တမြား သဘာဝမြေရေသယံဇာတ များအလျှံပယ်ပေါကြွယ် ၀လှသော်ငြား အဘယ်ကြော......င့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ LDC ဖြစ်နေပီးပြည်သူတွေကဘာကြောင့် ဆင်းရဲနေရသလဲမေးခွန်းထုတ်လိုက်ကြသည် ပြီးတော့ လွယ်လွယ်ပဲ အဖြေကိုထုတ်လိုက်ကြသည် စနစ်မကောင်းခဲ့လို့ အုပ်ချုပ်သူတွေညံ့ဖျင်းခဲ့ကြလို့ ဆိုကြပါတယ်။ မှန်ပါတယ်ဒီ အဖြေကိုကျွန်တော်လက်သင့်ခံလို့ရပါတယ်။ ကျွန်တော်သည်လည်း အာဏာရှင်စနစ်ကိုမုန်းတီးခဲ့ပါတယ် ဒါပေမယ့် ဆက်စပ်တွေးမိရင်းနဲ့ ဒီအုပ်ချုပ်ခဲ့တဲ့ သူတွေမှာပဲတာဝန်ရှိတာလား။ အလုံးစုံ သူတို့ကြောင့်ပဲလား။ ကဲဒီတော့ကောင်းပါပီ စစ်အုပ်ချုပ်ရေး အနှစ်(၅၀)လောက်ရှင်သန်ခဲ့တာဘယ်သူ့ကြောင့်လဲ အဲလောက်ကာလထိ စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်ခဲ့တာ စစ်အာဏာရှင်တွေတော်လွန်းလို့လား ဒါမှမဟုတ်ရင်တော့ အုပ်ချုပ်ခံလူတန်းစားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှုကြောင့်ရောမဖြစ်နိုင်ဘူလား။ ဒီစစ်အုပ်ချုပ်ရေးကိုပြုတ်ကျအောင်တိုက်နိုင်တဲ့ အရည်အချင်းရှိတဲ့အတိုက်အခံတွေ မရှိခဲ့လို့ပေါ့ ။မိမိတို့လူမျိုး၏ အကျင့်စရိုက်နှင့် ဓလေ့ အဆင့်အတန်းကို သုံးသပ်ဖို့လိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စကားလုံးပြင်းပြင်းတွေသုံးနှုန်း ဆုံးမခဲ့ရသည်မှာအများအသိပင်ဖြစ်သည်။ ကဲဒီတော့ပြန်ဆက်လိုက်ရအောင် စစ်အာဏာရှင်စနစ်ရှည်ကြာခဲ့ ရခြင်း၏အရေးကြီးသောအကြောင်းမှာ ပြည်တွင်းစစ်ဖြစ်သည် ဒီလိုပြောပြန်တော့ ခင်ဗျားတို့ကျွန်တော့် ကိုပြန်ပြောကြမယ်ပြည်တွင်းစစ် ရဲ့ အဓိကတ၇ားခံက ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ စစ်အာရှင်တွေကြောင့်ပေါ့ လို့ပြန်ပြောကြလိမ့် ဒါကိုတော့ ကျွန်တော်လုံးဝကန့်ကွက်ပါတယ် အဘယ်ကြောင်နည်းရှင်းပါတယ် ပြည်တွင်းစစ်စခဲ့တာ လွတ်လပ်ရေးမရခင်ကတည်းက စခဲ့တာပါ။ ဗကပ ခေါ် ကွန်မြူနစ် များ ၁၉၄၇ မှာဖဆပလ ကခွဲထွက်တောခိုပါတယ် ဘာကြောင့်တောခိုသလဲ သခင်အောင်ဆန်း၏ ဦးဆောင်မှုကိုလက်မခ့လိုပဲတစင်ထောင်လို တာကြောင့် ရရှိမယ့်လွတ်လပ်ရေးကိုအတုအယောင်လို့ကြွေးကြော်တောခိုခဲ့တာပါဒါ့အပြင်ကွန်မြူနစ်တွေကို ဖဆပလကထုတ်ခဲ့တာသခင်အောင်ဆန်းပါ တကယ်တန်း ကပ်တည်းကပ်ဖဲ့ပြောရရင် ပြည်တွင်းစစ်ကိုအရင်ဆုံးစခဲ့တာဗိုလ်ချုပ်ကြောင့်လို့ပြောရမလိုဖြစ်နေပီ။ နောက်တစ်ခုကကရင် KNDO ဟာ ၁၉၄၈ မှာတောခိုပါတယ် စောဘဦးကြီး ကကရင်တော်လှန်ရေးကို ၁၉၄၈မှာစခဲ့ပါတယ် ဒီကာလဟာ စစ်အစိုးရအုပ်ချုပ်တဲ့ကာလမဟုတ်ပါဘူး ဒီမိုကရေအစိုးရကြီး အုပ်ချုပ်တာပါ။ နောက်တစ်ချက် KIA ဘာကြောင့်တောခိုသလဲ KIA တောခိုတာဦးနုရဲ့ ပထစ အစိုးရလက်ထက်ပါ ရွေးကောက်ပွဲကာလ မဲဆွယ်တာ ဗုဒဘာသာကိုနိုငိငံတော်ဘာသာပြဌာန်းပေးမယ်ဆိုပီးမဲဆွယ်တယ် နိုင်တော့တကယ်ပြဌာန်းဖို့လုပ်တယ် အဲဒီမှာ ခရစ်ယာန် အများစုဖြစ်တဲ့ကချင်တောခိုတယ် ရှင်းရှင်းလေးနော် ပထစ အစိုးရကဒီမိုကရေစီအစိုးရပါ။ပထစ အစိုးရကြောင့်ဖြစ်တည်ခဲ့တဲ့ KIA ပြသနာကိုအခုထိရှင်းလို့မပီးနိုင်သေးဘူး။ တကယ်တော့မြန်မာလူမျိုးဟာ မနာလိုစိတ်ကြီးတယ်ရေသာခိုတယ် တလွဲဆံပင်ကောင်းတတ်တယအယုံလွယ်တယ် သူများယောင်တိုင်းလိုက်ယောင်တတ်တယ်ဆိုတာမှန်မှန်ကန်ကန်သုံးသပ်ရင် မြင်မှာပါ သွားလေသူကြီးက အဲဒီအချက်တွေကို ကောင်းကောင်းအသုံးချပီးတိုင်းပြည်ကိုမလှုပ်နိုင်အောင် အနှစ်(၂၀) အောင်အောင်မြင်မြင်အုပ်ချုပ်သွားနိုင်ခဲ့တာပါ။ အဲတော့ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ဆိုတာရှင်း မယ်လို့ထင်ပါတယ် ။သူတပါးကိုအပြစ်ပုံမယ်ဆို ကိုယ့်ကိုကိုသုံးသပ်ဖို့လိုပါမယ်။ အဲလိုမသုံးသပ်ပဲ ငါ့စကားနွားရပြောတာလဲ ကျွန်တော်တို့မြန်မာတွေရဲ့ အကျင့်ပါပဲ။ ကဲဗျာတော်လောက်ပါပီမနက်ဖြန်တော့ ၀န်ထမ်းအဖွဲ့အစည်းထဲက မိုးကျရွှေကို များအကြောင်း အကောင်းအဆိုးကိုတင်ပြပါမယ်။နောက်ဆုံးအနေနဲ့“တိုင်းပြည်ဘာကြောင့် နွံနစ် အားလုံးကြောင့်နွံနစ်တာပါပဲဗျာ“
ကောင်းကျိုးရည်လျက်
မျိုးချစ်အတွက်ကြယ်နီ
credit to Red starforpatriot

No comments:

Post a Comment